တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်  မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

တံတား အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေငြာထားရှိခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၂၅ နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို စက်တင်ဘာ(၃၀) ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့ အထိ (၁၄)ရက် ကြာကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် မိမိနာမည်စာရင်းအား လာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင်မပါ၀င်ပါက ပုံစံ(၃)ဖြင့် မပါဝင်သင့်သူများ ပါ၀င်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါကပုံစံ (-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက် ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအတိုင်း သက်ဆိုင်ရာတာ၀န်ရှိသူများက ရှင်းလင်းပြော ကြားပေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ နှောက်ယှက်ဖျက်ဆီးမှုရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ကြရန် မှာကြားခဲ့သည်။ တံ​တားမြို့အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၇)အုပ်စုရှိပြီး မဲရုံပေါင်း(၂၉)ရုံရှိကြောင်း သိရသည်။

လှိုင်သူဇာ