ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၃
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများအား ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ(၃၀) ရက်မှ စတင်၍ ဆောင်ရွက်သည်။
ထန်းတပင်မြို့နယ်အတွင်းရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၄)အုပ်စုရှိပြီး ပြည်သူ များအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာ ထားမည်ဖြစ်ပြီး လာရောက်ကြည့်ရှု၍ ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များအား ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်တွင် ပုံစံများတောင်းခံရယူကာ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်းသိရသည်။
မဲစာရင်းများကပ်ထားကြေညာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုရုံးများသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)