လှိုင်သာယာ(အရှေ့ပိုင်း)၊ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းများအား ပထမအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်း၌ အမှတ်(၁)၊(၂)နှင့်(၁၅)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင်စတင်၍ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲစာရင်းလာရောက် ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် အခမဲ့ထုတ်ယူနိုင်သည်။
အဆိုပါ မဲစာရင်းကပ်ထားမှု့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ အဖွဲ့၀င်(၁)ဗိုလ်မှူး ပြည့်ဖြိုးလင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးနိုင်လင်းသိန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးရဲကျော်သူနှင့်အဖွဲ့၀င်တို့ ပူးပေါင်း၍ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
ခင်၀င်းမူ