ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား ဂါဝရပြုတွေ့ဆုံ

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey   Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.IsKander Azizov နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ နံနက်ပိုင်းက ရောက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးခေါင်းတော်တပ်ဆင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး သာသနာပြုလုပ်ငန်းစဥ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော်အမြင့် ၁၉ ပေရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများအား တပ်ဆက်ပူဇော်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်တပ်ဆင်ရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားသည်။

၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက်တွင် ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကား

၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက် နိုဝင်ဘာလ (၂) ရက်နေ့ ညပိုင်းက ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့နေ အများပြည်သူများနှင့်အတူ နိုင်ငံခြားသားများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနား ကျင်းပ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park၊ ညီလာခံခန်းမတွင် ကျင်းပသည်။

သာကေတမြို့နယ် စာရေးဆရာအသင်း ဝိသာခါဝတ်အဖွဲ့ အဖိတ်နေ့ ဝတ်ရွတ်ဖတ်သရဇ္စျာယ်

သာကေတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ သာကေတမြို့နယ် စာရေးဆရာအသင်း ဝိသာခါဝတ်အဖွဲ့တန်ဆောင်တိုင် အဖိတ်နေ့ ဝတ်ရွတ်ဖတ်သရဇ္စျာယ်ခြင်းကို တန်ဆောင်မုန်း လဆန်း ၁၄ ရက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ပရိဝုဏ်ရှိ ဇိနရန်အောင်တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနား ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနားကိုယမန်နေ့ ညနေ ( ၄)နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

သုံးခွမြို့ ရှစ်မျက်နှာစေတီတော်မြတ်ကြီးတွင် အကြိမ်(၄၀)မြောက်  မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့ အမှတ် (၄)ရပ်ကွက် မြို့မဈေးအနီးရှိ မြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ရှစ်မျက်နှာ စေတီတော်မြတ်ကြီးတွင်အကြိမ် (၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ည ၇ နာရီတွင် စေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၁၀၈ - တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်တွင် ရွှေကြာသင်္ကန်း ဆက်ကပ်

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈-တောင် မဟာဗောဓိစွယ်တော်ရှင် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍နှစ်စဥ်ဆက်ကပ်မြဲဖြစ်သည့် စေတီတော်ကြီးနှင့် စေတီတော်ပရိဝုဏ်အတွင်း သီတင်းသုံးတော်မူသော ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ စုပေါင်း၍ (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး