ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမာခရစ္စနားမစ္စရှင်ဘုရားရှစ်ခိုးဝတ်ပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

သာကေတမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်စိမ်းနှင့် ဆီများလှူဒါန်း

သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄) ကျောင်းသို့ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ် (၁၁) ဦးတို့မှ (၁၇) ကြိမ်မြောက် အလှူတော်အဖြစ် ဆွမ်းဆန်တော်စိမ်းများနှင့် ဆီများကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၊ ဗိုလ်ချုပ်လမ်းဘေးရှိ တောင်သူ ဦးဝင်းကြည်၏ လယ်မြေတွင် ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ယမန်နေ့နံနက်ပိုင်းစတင်၍ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ ဒေသထွက်ထုတ်ကုန်များ ရောင်းချသူနှင့် ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကော့မှူးတွင် အောင်နိုင်တိုးစပါးစိုက်ပျိုးထားမှုနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့ နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် ယနေ့နံနက်က မြို့နယ်အတွင်း စိုက်ပျိုး‌ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လုံးဆိုင်ရာ ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော် (ပဉ္စမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လုံးဆိုင်ရာ ၁၃၈၇ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် (ပဉ္စမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၃) ရပ်ကွက်၊ အောင်စန္ဒာဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းက အဆိုပါလမ်းမတော်မြို့နယ်ရှိ အနော်ရထာ လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်လာရောက် လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က ဒိတ်ကုန်းကျေးရွာအုပ်စုနှင့် ထိန်ကုန်းကျေးရွာအုပ်စုသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ပရိဝုဏ်အတွင်းရှိ ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး