ရန်ကုန်တိုင်းဒေသကြီး

စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊   ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း (ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၆-၇ ရက် များတွင် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ လက်ခံကျင်းပမည့် (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗိုလ်တထောင်မြို့နယ်တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပ

မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်၌  အသက် (၂) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စပါးရိတ်သိမ်းမှုများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သောင်ကြီးကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား စပါးရိတ်သိမ်းမှုနှင့် ဝယ်ယူမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ(၆)ရက်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ သောင်းကြီးကျေးရွာ၊ သောင်ယံဦး လယ်ယာနှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်မြင့်၏လယ်တွင် စပါးရိတ်သိမ်းမှုများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင်  ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးသည်။

သန်လျင်မြို့နယ်၌ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး သန်လျင်- သုံးခွ- ခရမ်းသွားလမ်းမကြီးအား ပြုပြင်

သန်လျင်ခရိုင် သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ လျင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် သန်လျင် - သုံးခွ - ခရမ်းသွားလမ်းမကြီးအား လမ်းတိုးချဲ့ခြင်း၊ မိုးတွင်းကာလ ပျက်စီးလျက်ရှိသောနေရာများအား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို တံတားမြို့၌ ယနေ့နံနက် ၇ နာရီအချိန်က  ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး