အင်းစိန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးရေး၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးလှကြူ နှင့်အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က အမှာစကားပြောကြားကြသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (အင်းစိန်မြို့နယ်) ဥက္ကဋ္ဌ ဦးဘိုကြည် ၊ဒေါက်တာဗိုသံမဏိ (တောင်တွင်းကြီး) က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြုလုပ်ရခြင်းအကြောင်းကိုလည်းကောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် အမှတ် (၄၀) မူးယစ်တပ်ဖွဲ့ ဒုရဲအုပ်နေလင်းထက်က မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်တရားသူကြီး ဦးသန့်ဇင်ဖြိုးက မှုခင်းများနှင့်ပြစ်ဒဏ်များကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး၊ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို ပြိုင်ပွဲ၀င်များနှင့် တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)