တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် သာသနဟိတဓမ္မာရုံ၌ကျင်းပသည်။

အဆိုပါ ဟောပြောပွဲကို တောင်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်ဥက္ကလာပမြို့နယ် ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးအောင်ထူးခန့်၊ အမှတ်(၂၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး ချစ်မင်းထွန်း၊ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လင်းနှင့် မြို့နယ်စည်ပင်သာယာ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေအောင်တို့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ၊ စည်ပင်သာယာဥပဒေရေးရာများ၊ မှုခင်းကျဆင်းရေး အသိပညာပေးခြင်းအား ဟောပြောဆွေးနွေးခဲ့ကြပြီး မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။

ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)