ရန်ကုန်တိုင်းဒေသကြီး

မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း အ.မ.က (၁၆) အခြေခံပညာမူလတန်းကျောင်းတွင်ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း သားဖွားဆရာမများ၊ ဦးဆောင်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဇွန်လ ၁၉ ရက်နေ့က ကုန်းတလပေါင်း RHC၊ လေးထောင့်ကန် S/C အပိုင်ရှိ အ.မ.က (၁၆) မင်္ဂလာဒုံ၊ အခြေခံပညာမူလတန်း‌ကျောင်းတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ် ကရင်ကန်‌ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာ ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကောက်ယူခြင်းကို ယမန်နေ့က ရွှေနံသာကျေးရွာအုပ်စု ရွှေနံသာစံပြခန်းမတွင် ဆောင်ရွက်သည်။

မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အရ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အရ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ ရက်နေ့က ထောက်ကြန့် RHC ၊ ရဲစုတောင် S/C အပိုင်ရှိ အ.မ.က(၁၉)၊ အ.မ.က (၃၄) ကျောင်းများတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိရာ တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သုတ/ရသစာအုပ်စာစောင်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများလေ့လာဖတ်ရှုနိုင်စေရန် သုတ/ ရသ စာအုပ်စာစောင်များအား ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က လာရောက်လှူဒါန်းခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း အသက်၁၈ နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်း စီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ၊ အမှတ် (၆)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သောက်ရေသန့်စက်ရုံများအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးတို့အတွက် ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်ပြီး အစားအသောက်များ စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ပြည်သူများဘေးန္တရာယ်ကင်းရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ သောက်သုံးရေထုတ်လုပ်သည့် စက်ရုံများအား ယမန်နေ့နံနက် (၁၀)နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄၀) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နေ့လယ် ၁ နာရီက အမှတ် (၄၀) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး