မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း အ.မ.က (၁၆) အခြေခံပညာမူလတန်းကျောင်းတွင်ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇွန် ၂၁

မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း သားဖွားဆရာမများ၊ ဦးဆောင်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဇွန်လ ၁၉ ရက်နေ့က ကုန်းတလပေါင်း RHC၊ လေးထောင့်ကန် S/C အပိုင်ရှိ အ.မ.က (၁၆) မင်္ဂလာဒုံ၊ အခြေခံပညာမူလတန်း‌ကျောင်းတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူ (838) ဦးအား သွေးလွန်တုပ်ကွေးရောဂါ၊ မိုးရာသီအဖြစ်များသော ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါ၊ အသဲရောင်အသားဝါ အေရောဂါ၊ ကိုဗစ်-၁၉ ရောဂါပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ မူလတန်းကျောင်းသား/ သူများအား ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြု၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ Grade 3 (138) ဦးနှင့် Grade 4 (145) ဦးအား  Snellen Chart အသုံးပြု၍ Vision Test ပြုလုပ်ခြင်း၊ KG ကျောင်းသား/ သူ (97) ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးတန်း စစ်ဆေးခြင်းနှင့် ယင်နားစာများမရောင်းချရန်၊ သန့်ရှင်းစွာ ပြင်ဆင်ရောင်းချရန်၊ သက်တမ်းလွန်အစားအစာများ မရောင်းချရန် မှာကြားခြင်း၊ ကျောင်းသား/ သူများ ဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းများအား ဆောင်ရွက်စေခြင်းနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်စေခြင်း၊ သန့် ၄ သန့်၊ ရန်သူ၊ အစားစားပါ၊ စနစ်မှန် လက်ဆေးနည်းကဗျာများအား ကလေးများအား သင်ကြားပေး၍ အဓိပ္ပါယ်များ ရှင်းပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)