ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ KTV နှင့် Unplugged များ စည်းကမ်းလိုက်နာမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် KTV၊ Unpluggedများ သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်စေရေး၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးတို့ ရည်ရွယ်၍ ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။