မင်္ဂလာဒုံ ဇွန် ၂၁
မင်္ဂလာဒုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်အရ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ ရက်နေ့က ထောက်ကြန့် RHC ၊ ရဲစုတောင် S/C အပိုင်ရှိ အ.မ.က(၁၉)၊ အ.မ.က (၃၄) ကျောင်းများတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမာ၏ လမ်းညွှန်ချက်အရ ထောက်ကြန့် RHC မှဒေါက်တာနန်းအိမ် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသား/သူ (၈၀၅) ဦးအား သွေးလွန်တုပ်ကွေးရောဂါ၊ မိုးရာသီ အဖြစ်များသော ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အသဲရောင်အသားဝါအေရောဂါ၊ ကိုဗစ်ရောဂါ ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ စနစ်မှန်သွားတိုက်နည်းအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ မူလတန်းကျောင်းသား/သူများအား ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြု၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Grade 3 (၁၄၁) ဦး နှင့် Grade 4 (၁၅၅)ဦး အား Snellen Chart အသုံးပြု၍ Vision Test ပြုလုပ်ခြင်း ၊ Vision မကောင်းသော Grade 4 မှ ကျောင်းသား (၂) ဦးအား စာသင်ချိန်များတွင် ရှေ့တန်းတွင်ထိုင်၍ စာသင်ရန်မှာကြားခြင်း၊ KG ကျောင်းသား/သူ (၈၇)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ G1 ကျောင်းသား/သူ (၁၃၂) ဦး သွားနှုတ်ရန် (2)ဦး၊ G2 ကျောင်းသား/သူ (၁၁၂) ဦး သွားနှုတ်ရန် (၃) ဦး၊ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း၊ ကျောင်းသား/သူကြီးများ ဦးဆောင်၍ ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်စေခြင်း၊ သန့် ၄ သန့်၊ ရန်သူ၊ အစားစားပါ၊ စနစ်မှန် လက်ဆေးနည်းကဗျာများအား ကလေးများအား သင်ကြားပေး၍ အဓိပ္ပါယ်များ ရှင်းပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန် /ဆက်)