ရန်ကုန်တိုင်းဒေသကြီး

ကျောက်တံတားမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံ၍ အနာဂတ်တွင် နိုင်ငံအတွက် အားထားရသည့် သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်လျက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၆)၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။

တာမွေမြို့နယ်၌ ဥပဒေရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဥပဒေရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) လှုပ်ရှားမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ စသည်ဖြင့်စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ပါးစေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ဆားလင်းပရိယတ္တိစာသင်တိုက်ရှေ့တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ် ကမာကဆစ် အလယ်ကျောင်းစာသင်တိုက်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ် (၁:၀၀)နာရီက ကမာကဆစ်ရပ်ကွက်၊ ကမာကဆစ် အလယ်ကျောင်း စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် လူငယ်နှင့်ပညာရည်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်နှင့်ပညာရည်မြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉:၃၀)အချိန်က ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာယဥာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်(အကြို)အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အဖြစ် နယ်လှည့်စာကြည့်တိုက်နှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများကို ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အ-ထ-က(၅)ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအား ယမန်နေ့နေ့လယ် (၁)နာရီအချိန်က အ-ထ-က(၅) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်၌ လူငယ်များအသိပညာမြင့်မားလာစေရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး‌ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရား၌ပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သပြေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

တွံတေးမြို့နယ်တွင် "လူငယ်ရဲ့ဘဝနှင့်တန်ဖိုး" စာအုပ်ဖြင့် Youth Club စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် " လူငယ်ရဲ့ဘဝနှင့်တန်ဖိုး" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများနှင့် YouthClub စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး