မင်္ဂလာဒုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကောက်ယူခြင်းကို ယမန်နေ့က ရွှေနံသာကျေးရွာအုပ်စု ရွှေနံသာစံပြခန်းမတွင် ဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အသက် (၁၀) နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားပြီး UID (Unique Identification Number) မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်‌နေမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်၊ ဒေါ်လေးလေးမြင့်၊ ခရိုင်လဝကဦးစီးမှူး ဦးထိန်လင်းသိန်း၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)