မြောက်ဥက္ကလာပ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နေ့လယ် ၁ နာရီက အမှတ် (၄၀) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (တာ၀န်ခံ)ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပပြုလုပ် ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အမှတ်(၄၀) အခြေခံပညာမူလတန်း ကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို တာ၀န်ရှိသူများက အမှတ်တရလက်ဆောင်များချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)