ပုဇွန်တောင်မြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ပုဇွန်တောင် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ၊ အမှတ် (၆)အခြေခံပညာမူလတန်းကျောင်းကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စမ်းစိမ့်စိမ့်သင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးတို့နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး သန့်(၄)သန့် ကဗျာလေးများရွတ်ဆိုခြင်း၊  ကျောင်းသား/ကျောင်းသူများအား မျက်စိစမ်းသပ်ခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဝင့်မှ ရာသီဥတုအပြောင်းအလဲတွင် ဖြစ်ပွားလေ့ရှိသောရောဂါများ ဖြစ်ပွားမှုကင်းအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများအား အသိပညာပေးပြီး ကျောင်းသား/ကျောင်းသူများကို  ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပေး၍ ဆေးကုသစောင့်ရှောက်ပေးခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မှုများအား ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့  ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်စိုး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများမှ လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်