ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကွင်းဆင်းဆေးကုသပေး

ထန်းတပင် (ပဲခူး) ဇွန် ၂၁

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ စောသူရကြည်ဖေ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့မှ မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှေက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆေးကုသပေးရာတွင် တောင်ငူခရိုင် ခေတ္တဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်သူအောင်နှင့်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ ပူးပေါင်း၍ အထွေထွေရောဂါပြသူ (၆၇) ဦး၊ ခွဲစိတ်ရောဂါပြသသူ (၃၀)ဦး ၊ သားဖွားမီးယပ်ပြသသူ (၂၇) ဦး၊ ကလေးရောဂါပြသသူ (၁၉) ဦး၊ အရိုးရောဂါပြသသူ (၄၂) ဦး၊ မျက်စိရောဂါပြသသူ (၆၉) ဦး၊ နှား၊ နှာခေါင်း၊ လည်ချောင်းရောဂါပြသသူ (၂၇) ဦး၊ အရေပြားရောဂါပြသသူ (၂၈) ဦး၊ သွားနှင့်ခံတွင်းရောဂါပြသသူ (၁၆) ဦး၊ ဓာတ်မှန်ပြသသူ (၆၉)ဦး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးရောဂါပြသသူ ( ၃၅) ဦး၊ စိတ်ကျန်းမာရေးပြသသူ (၅) ဦး၊ စုစုပေါင်းလာရောက်ပြသသူ (၄၃၄) ဦးတို့ကို ကွင်းဆင်းကုသပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆေးကုသရာသို့ လွှတ်တော်ကိုယ်စားလှယ်များ တောင်ငူခရိုင် ခေတ္တဆေးရုံအုပ်ကြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ရေသန့်ဘူးနှင့် ပေါင်မုန့်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)