ကျောက်တန်း ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ သီလဝါပြည်တွင်းစက်မှုဇုံ၊ မြေကွက်အမှတ် (၁၅၀) ရှိ Aventine Limited ၏ ဓာတ်မြေဩဇာသိုလှောင်ရုံ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်၊၊
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းအား ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးဆောင်သောအဖွဲ့မှ စိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး သိုလှောင်ထားရှိသော ကုန်ကြမ်းများ သိုလှောင်ထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ပြီး Fire Safety Certificate ရယူထားခြင်းမရှိမှု၊ မီးသတိပေးဆိုင်းဘုတ်များ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပတ်များ၊ အရေးပေါ်မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများထားရှိမှု အားနည်းခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအား အပတ်စဉ်၊ လစဉ်စစ်ဆေးဆောင်ရွက်ရန် အားနည်းချက်များအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်သွားရန်နှင့် 191 Repot software အားတွင် ကျယ်စွာအသုံးပြုနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်