ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ယာဉ်မတော်ဆမှုများကြောင့် သေဆုံးမှုများ မဖြစ်ပွားစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက တာခွကျေးရွာ ရန်ကုန်-ပြည် ကားလမ်းတွင် ဆောင်ရွက်သည်။

မှော်ဘီမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စု၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကို  ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ဝါးနက်ချောင်းကျေးရွာ ပါရမီဖြည့် အရှေ့ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာ‌ပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိန်မာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗိုလ်တထောင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌နှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊ မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယမန်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာ‌ဖွေစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းအား ဇွန် ၁၉ ရက်နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်၊ မာဃဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

Mobile Training Bus ဖြင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နှင့် ဒဂုံမြို့သစ် (အ‌ရှေ့ပိုင်း) မြို့နယ်တို့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက်  Mobile Training bus ဖြင့် ဇွန်လ ၁၉ ရက်နေ့က  စက်ရုံ (၃) ရုံတွင် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို အမှတ် (၇) ရပ်ကွက်ဓမ္မာရုံနှင့် (၈)ရပ်ကွက်ရှိ အမှတ်(၂)ဈေးတို့၌ ယမန်နေ့ကဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ လျှပ်စစ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများနှင့် ကျောင်းသား / ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် အများပြည်သူလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်အထက်ပန်းဆိုးတန်းလမ်းရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး