ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌  KTV နှင့် Unplugged များ စည်းကမ်းလိုက်နာမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ဒဂုံတောင် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် KTV၊ Unpluggedများ သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်စေရေး၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးတို့ ရည်ရွယ်၍  ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။

အဆိုပါစစ်ဆေးဆောင်ရွက်မှုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗီဒီယိုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ KTV များနှင့် Unplugged များ၏ လုပ်ငန်းလိုင်စင်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်အခြေအနေများ၊ သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံထားရှိမှုများ စစ်ဆေးကြကြောင်း သိရသည်။

နေမျိုးအောင်