ရှမ်းပြည်နယ်

ပင်လုံမြို့တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အ.ထ.က(၁)ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ် မောင်/ မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ချိန်များကို အကျိုးရှိစွာဖြတ်သန်းနိုင်စေရန်၊ ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

လွိုင်လင်မြို့တွင် Grade - 5 နှင့် Grade - 9 စာမေးပွဲဆိုင်ရာလုပ်ငန်းရပ်များ ရှင်းလင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade -5 နှင့် Grade - 9 ကြီးကြပ်ရေးမှူးနှင့်လက်ထောက်ကြီးကြပ်ရေးမှူးများ စာမေးပွဲဆိုင်ရာ လုပ်ငန်းရပ်များ ရှင်းလင်းပွဲကိုယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် စာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)နှင့် အခြခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်းဆုံတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆု ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား (၇၅) ဦးအား သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။

ရွှေညောင်မြို့၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေညောင်နယ်မြေမီးသတ်စခန်း၌ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်မီးသတ်မီးဦးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

တာချီလိတ်မြို့ စက်မှုရပ်ကွက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေသည့် မြေယာများအားအကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရေး အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ စက်မှုရပ်ကွက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေသည့် မြေဧရိယာ ၃၁၇ ဒဿမ ဝ၈ ဧကအား အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်း(BMသွပ်အမိုးပြားနှင့်လိပ်တံခါးစက်ရုံ)တွင် ကျင်းပပြုလုပ်သည်။

မိုင်းဆတ်မြို့၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး တာဝန်ရှိသူများစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၉၉၅)ဦး ဝင်ရောက်ဖြေဆိုမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၉၉၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to ရှမ်းပြည်နယ်