ပင်လုံ မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဗိုလ်မှူးထွန်းမြင့်နိုင်၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်း၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ မကြာမီကာလတွင် ဖြေဆိုကျင်းပတော့မည် တက္ကသိုလ်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/မီးလန့်မှုများမဖြစ်စေရေး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသော မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သိရှိလိုက်နာနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(၁)ကျောင်းရှိ စာသင်ခန်းများတွင် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်မီးကြိုးများ၊ မီးသီးများနှင့် လျှပ်စစ်မိန်းခုံများ ကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင်သော မီးသတ်ဆေးဘူးများ အသင့်အနေအထားအသုံးပြု၍ ရ/မရ ရေလှောင် ကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားမှု ရှိ/မရှိစသည့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)