တန့်ယန်း မတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)နှင့် အခြခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲဆိုင်ရာ ရှင်းလင်းပွဲတွင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9)နှင့် အခြခံပညာမူလတန်းအဆင့် (Grade-5)စာမေးပွဲ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)