မိုးနဲမြို့ မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး တာဝန်ရှိသူများစစ်ဆေး

မိုးနဲ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။       

မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီတာနှင့် ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ/မရှိ၊ ဈေးအတွင်းထားရှိသည့် မီးသတ်ရေကန်များ၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူ အသုံးပြုနိုင်ရေးနှင့် မီးချိတ်မီးကပ်၊ ရေပုံးများ စီစဥ်ထားရှိမှု စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုပုံပြသ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)