လွိုင်လင်မြို့တွင် Grade - 5 နှင့် Grade - 9 စာမေးပွဲဆိုင်ရာလုပ်ငန်းရပ်များ ရှင်းလင်းပွဲကျင်းပ

လွိုင်လင်  မတ်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade -5 နှင့် Grade - 9 ကြီးကြပ်ရေးမှူးနှင့်လက်ထောက်ကြီးကြပ်ရေးမှူးများ စာမေးပွဲဆိုင်ရာ လုပ်ငန်းရပ်များ ရှင်းလင်းပွဲကိုယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဆရာကြီး ဦးမိုးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းက စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာဖြူက စာမေးပွဲ ကျင်းပစဉ် ဆောင်ရွက် ရမည့်လုပ်ငန်းများကိုလည်းကောင်း အသီးသီးပြောကြားကြသည်။

ဆက်လက်၍ Grade – 5 နှင့် Grade – 9 အင်္ဂလိပ်စာ စစ်ဆေး/ဖြေဆိုခြင်းနှင့်ပတ်သက်၍  တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားကြပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာလှိုင်က စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အဆိုပါစာမေးပွဲဆိုင်ရာလုပ်ငန်းရပ်များ ရှင်းလင်းပွဲသို့ လွိုင်လင်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှကြီးကြပ်ရေးမှူးများ လက်ထောက်ကြီးကြပ်ရေးမှူးများ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ကြကြောင်းနှင့် စာမေးပွဲများကို မတ်လ ၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး