ရှမ်းပြည်နယ်

လွိုင်လင်မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီက အဆိုပါမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ဟောပြာပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ယမ်းမိုင်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အဆင့် ရှာဖွယ်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့  နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးကျောင်းတွင်း စစ်စာမေးပွဲများ ဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်း စစ်စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ(၁၇)ရက်နေ့မှ စတင်ဖြေလျက်ရှိရာ ယမန်နေ့တွင် ဖြေဆိုပြီးစီးကြောင်း သိရသည်။

မိုင်းတုံမြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ပါးစေရန် ကွင်းဆင်းအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ တောင်ယာစိုက်ခင်းများသို့ ယမန်နေ့ နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှု‌လျော့ပါးစေရန် ကွင်းဆင်းအသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ ထူးဒေါ့ကျေးရွာ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ထူးဒေါ့ကျေးရွာ၌  ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်