ရှမ်းပြည်နယ်

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၏ စီစဉ်ကြီးကြပ်မှုဖြင့် ​နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစွမ်းရည်မြင့်မားလာစေရန်၊ ထူးချွန်ထက်မြတ်သော လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ Grammer သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်၍ ညနေ ၃ နာရီအချိန်အထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အမှတ်(၂)ရပ်ကွက်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လဲချားတွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် နွေရာသီကာလကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် မတ်လ ၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပေးလျက်ရှိသည်။

မိုးနဲမြို့နယ်၌ နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့သင်ကြားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်၍ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း ၅ မျိုးကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေး အစည်းအဝးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံးတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကိုကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်၌ မြန်မာစာဝေါဟာရစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ မြန်မာစာပေချစ်မြတ်နိုးတတ်စေရန်နှင့် မြန်မာစာ၊ မြန်မာစကား အသုံးအနှုန်းဝေါဟာရများကြွယ်ဝစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြန်မာစာဝေါဟာရစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံ နေအိမ်(၃)လုံး ဆောက်လုပ်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေး ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက်လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပူးပေါင်းပြီး လေပြင်းဘေးကြို တင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဒေါ်စောရင်၊ ဒေါ်မယ်ထောက်ဟွမ်နှင့် မွေတော်ရပ်ကွက်ရှိ ဦးလုံးမိုးနေအိမ်(၃)လုံးအား ဆောက်လုပ်ပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် ပိုင်ရှင်များထံ ပြန်လည်အပ်နှံကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ရုံးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်အတွင်းရှိဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်