မောက်မယ် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ မြန်မာစာပေချစ်မြတ်နိုးတတ်စေရန်နှင့် မြန်မာစာ၊ မြန်မာစကား အသုံးအနှုန်းဝေါဟာရများကြွယ်ဝစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြန်မာစာဝေါဟာရစွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မြန်မာစာဝေါဟာရစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်လူရွယ်များ(၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းကဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က လူငယ်လူရွယ်များအား စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ဇာတ်လမ်းနှင့်သရုပ်ဖော် ထွန်းထွန်းဝင်း(ရန်ကုန်တက္ကသိုလ်)၏ သစ်ပင်လေးတွေစိုက်ကြမယ် စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)