မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူများ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊ စစ်သင်တန်းတက်ရောက်နေစဉ်နှင့် သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်များအကြောင်း ဆွေးနွေးပြီး တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေမိဘပြည်သူများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)