မိုးနဲမြို့နယ်၌ အင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်ပို့ချ

​​မိုးနဲ ​မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၏ စီစဉ်ကြီးကြပ်မှုဖြင့် ​နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစွမ်းရည်မြင့်မားလာစေရန်၊ ထူးချွန်ထက်မြတ်သော လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ Grammer သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်၍ ညနေ ၃ နာရီအချိန်အထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၆၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို  တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)