လဲချားတွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်လျက်ရှိ

လဲချား မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် နွေရာသီကာလကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် မတ်လ ၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပေးလျက်ရှိသည်။

အဆိုပါ နွေရာသီအားကစား သင်တန်းတွင် မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်(tennis)၊ အေရိုးဗစ်၊ ကြက်တောင်ရိုက်စသည့် အားကစားနည်းများကို မတ်လ(၃၁) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)