မိုင်းယောင်းမြို့၌ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေး အစည်းအဝးကျင်းပ

မိုင်းယောင်း မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံးတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကိုကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေး အသင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက နွေရာသီအားကစားသင်တန်းဖွင့်လှစ်နိုင်ရေး၊ လူငယ်ရေးရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)