မိုးနဲ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်၍ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း ၅ မျိုးကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများကို ပေါ့မိုင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံနေရာတို့တွင် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၀ ဦးကို မတ်လ ၂၄ ရက်နေ့အထိ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ အေရိုးဗစ် စသည့်အားကစားနည်းငါးမျိုးကို ညနေ ၃ နာရီအချိန်မှ ၅ နာရီအချိန်ထိ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)