မောက်မယ် မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ရုံးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်ကွက်အတွင်းရှိဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်က မှုခင်းကျဆင်းရေး၊ ယာဉ်စည်း ကမ်းလမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအကြောင်းများ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)