မိုးနဲ မတ် ၅
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ် မိုးရာသီကာလတွင် ထုတ်ချေးပေးခဲ့သော မိုးရာသီစိုက်ပျိုးချေးငွေများ သိမ်းဆည်းခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအား သက်ဆိုင်ရာ ရပ်ကျေးများက လိုက်ပါဆောင်ရွက်ပေးလျက်ရှိပြီး မိုးနဲမြို့နယ်တွင် မိုးသီးနှံ စပါးချေးငွေအတွက် (၁၂၂) ဦးမှ လာရောက်ချေးယူခဲ့ပြီး ငွေကျပ် သိန်းပေါင်းတစ်ထောင့်သုံးရာတစ်ဆယ့်လေးသိန်းတိတိကို ထုတ်ချေးပေးခဲ့ပြီး ယနေ့မှစ ချေးငွေများကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။ အဆိုပါ သိမ်းဆည်းရရှိသော ချေးငွေများအား မိုးရာသီကာလတွင် ပြန်လည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် စိုက်ပျိုးတောင်သူများအနေဖြင့် အတိုးနှုန်းချိုသာစွာဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရာသီအလိုက်ချေးငွေများ ထုတ်ချေးပေးခြင်းကြောင်း အဆင်ပြေလျက် ရှိသည့်အပြင် စိုက်ပျိုးရာသီတွင်လည်း အခက်အခဲမရှိ စိုက်ပျိုးနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)