မိုင်းရှူး မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၄)ရပ်ကွက်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရသတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှရွှေ့ဆိုင်းခွင့်ရရှိသူများ၊ စစ်သင်တန်းတက်ရောက်နေစဉ်နှင့်သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့်အခြားခံစားခွင့်များအကြောင်းဆွေးနွေးပြီး တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေမိဘပြည်သူများ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)