ကျိုင်းတောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသို့ ဖြေဆိုခွင့် ကတ်ပြာများထုတ်ဝေပေးလျက်ရှိ

ကျိုင်းတောင်းမြို့ မတ်လ ၁၅

ရှမ်း​ပြည်နယ်တောင်ပိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(တုန်ဟုန်) ၌ (၄.၃.၂၀၂၅)ရက်နေ့တွင် တက္ကသိုလ်ဝက်စာမေးပွဲဖြေဆိုမည့် Grade 12 ကျောင်းသား၊ ကျောင်းသူများသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ​ကြောင်း သိရှိရပါသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ထုတ်ပေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းများကိုဖက်ရှုလေ့လာစေပြီး ဆောင်ရန်/ရှောင်ရန်များကိုပါ သတိပေးညွှန်ပြပေးလျက်ရှိကြောင်း သိရှိရပါသည်။

ကိုကို(ပြန်/ဆက်)