ဟိုပုံး မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်းလျန်းကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်းလျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနား ဆောင်ရွက်ခဲ့ကြပြီးနောက် အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြသည်။
ပန်လျန်းကျေးရွာဘုန်းတော်ကြီးကျောင်းသည် ယခင်နှစ်က အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် အလျား(၈၃)ပေ၊ အနံ(၆၅)ပေရှိ ပင်မ(၂)ထပ်ကျောင်း ဆောင်ဖြစ်ပြီး အဆိုပါမီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်နေရာတွင် အလျား(၉၀)ပေ၊ အနံ(၇၅)ပေရှိ(မြန်မာမှုအပါ) (၂)ထပ် အုပ်ညှပ်ကျောင်းဆောင်ဆောက်လုပ်နိုင်ရန်အတွက် ဆရာတော်များ၊ သံဃာတော်များ ဦးဆောင်မှုဖြင့် ရပ်နီး/ရပ်ဝေးမှ အလှူရှင်များပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)