လွိုင်လင်မြို့၌ နွေရာသီအခြေခံဘောလုံးအားကစားနည်းသင်တန်း ဖွင့်လှစ်ပို့ချ

လွိုင်လင် မတ် ၅

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံဘောလုံးအားကစားနည်းသင်တန်းကို ခရိုင်အားကစားကွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ မတ်လ ၃၁ ရက်နေ့အထိ ၁ လ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံဘောလုံးအားကစားနည်းသင်တန်းကို နည်းပြဆရာများမှ လူငယ်လေးများအား အခြေခံပိုင်နိုင်၍ နည်းစနစ်မှန်ကန်စွာ ကစားတတ်စေနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ နွေရာသီဘာလုံးအားကစားသင်တန်းအားနေ့စဥ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ လွိုင်လင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း နည်းပြဆရာ ဦးဇင်လင်းထံမှ သိရသည်။

အယ်မင်း (လွိုင်လင်)