နမ့်စန်(တ) မတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပန်းချီရေးဆွဲနည်း အခြေခံသင်တန်း (၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြင်ပအသိပညာအတတ်ပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါ ပန်းချီရေးဆွဲနည်းအခြေခံသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက် မှ ၃၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ နံနက် ၁၁ နာရီထိ သင်ကြားပို့ချမည်ဖြစ်ကာ အခြေခံပညာကျောင်းများမှ Grade-4 မှ Grade-9 အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
သူရအောင်(နမ့်စန်)