မိုင်းယုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်း ယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံ ဖွင့်လှစ်သင်ကြား

မိုင်းယု မတ် ၁၀

ရှမ်းပြည်နယ်(အရှေိ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်း ယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံကို ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး  ဦးမောင်လှက ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ရဲအုပ်နိုင်နိုင်ဝင်းက ကွန်ပျူတာဆိုင်ရာနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံမှစတင်၍ အချိန်မှန် တက်ရောက်ကြစေလိုကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများလည်း ပြောကြားခဲ့ပြီး အလှူရှင်ကလှူဒါန်းပေးသည့် စာရေးကိရိယာများကို ခေတ္တမြို့အုပ်ချုပ်ရေးမှူးက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့သည်။

အခမ်းအနားကို ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ဆရာ၊ ဆရာမများက ပို့ချပေးလျက်ရှိကာ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အားချာ