လွိုင်လင် မတ် ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါအခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ ခရိုင်ဥပဒေအရာရှိ ဦးအေးမြင့်မှ ကလေးသူငယ်အခွင်အရေးဆိုင်ရာဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကာ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုရဲမှူးတင်မောင်မြင့်က မိမိတို့လုပ်ငန်းဆိုင်ရာများအား ထပ်ဆင့်ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမူး ဒေါ်စိုးစိုးမော်က မိမိတို့ဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအပေါ်ဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးပြောကြားပေးခဲ့ကာ ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူမှ မိမိတို့ဌာနမှ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအစီအစဥ်များအကြောင်း ဆွေးနွေးပေးခဲ့ပြီးနောက် ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမူး ဒေါ်ဥမ္မာချိုက မိမိတို့ဌာနအနေဖြင့် ကလေးသူငယ်များအပေါ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)