ကျေးသီး မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးသီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့သည် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ၊ ကျေးသီးမြို့ဓာတ်အားခွဲရုံတွင် Earthing စစ်ဆေးခြင်း၊ Bolt / nuts များ စစ်ဆေးချိန်ညှိခြင်း၊ ကြွေသီးများသန့်ရှင်းခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးသီးမြို့၊ ၆၆/၁၁ ကေဗွီ၊ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၁၁ ကေဗွီမြို့တွင်း ဖီဒါ (၁)နှင့် မြို့တွင်းဖီဒါ(၂)တို့တစ်လျှောက် ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းဗွေခမ်း