ရှမ်းပြည်နယ်

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၉၄၂ ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၇ ဒဿမ ၃၉ ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် (၉) နာရီအချိန်က စတင်ကာ စာစစ်ဌာနအသီးသီးတို့၌ ကျင်းပခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၉၄၂ ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၇ ဒဿမ ၃၉ ရာခိုင်နှုန်းရှိကြောင်း ဒေသအဆင့်ပညာရေးမှူးရုံးမှ သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၁ ခုမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ပထမနေ့ မြန်မာစာဘာသာရပ်ကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စိတ်အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြသည်။

လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်စတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများစတင် ဖြေဆိုလျက်ရှိသည်။

မိုင်းဆတ်စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်စာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာဘာသာရပ်ကို လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် သက်ဆိုင်ရာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

နမ့်စန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာရပ်)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နမ့်စန်)စာစစ်ဌာနနှင့် အ.ထ.က(ခိုလန်)စာစစ်ဌာန(၂)ခုတို့၌ စတင်ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၄၈၈ ဦးတွင် လာရောက်ဖြေဆိုသူ ၄၆၂ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၂၆ ဦးရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအား ဖြေဆိုမှုများအား ကြည့်ရှုအားပေးခြင်းကို ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်