မိုးနဲမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုးနဲ မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၊ အ.ထ.ကစာစစ်ဌာနတွင် ပထမနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြရာ ကျောင်းတွင်း/ပြင်ဖြေဆိုသူ စာရင်းရှိ (၈၈) ဦးတွင် (၈၇) ဦးရှိကာ ပျက်ကွက် တစ်ဦးရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မိုးနဲမြို့ နယ်တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များတို့ကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)