မိုင်းပန် မတ် ၁၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာဘာသာရပ်ကို လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် သက်ဆိုင်ရာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ မြန်မာစာဘာသာရပ်ဖြေဆိုရာတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ ကျောင်းတွင်းမှ ဖြေဆိုသူ ကျောင်းသား (၃၀) ဦး၊ ကျောင်းသူ (၂၉) ဦး၊ ပြင်ပဖြေဆိုသူ ကျား (၁) ဦး၊ မ (၈) ဦး စုစုပေါင်း (၆၈) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ (၃၇) ဦး၊ စုစုပေါင်း (၆၃) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၆၅%) နှင့် ပျက်ကွက်ရာခိုင်နှုန်း (၇.၃၅) ဖြစ်ကြောင်း မိုင်းပန်စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးရုံးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)