ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခြင်းကို ယနေ့မှစတင်၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် မြန်မာဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၄၈) ဦး ဝင်ရောက်ဖြေဆို

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၄၈) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လင်းခေးစာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အ.ထ.က (၁) ပင်လုံစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ရာ အ.ထ.က (၁) ပင်လုံစာစစ်ဌာနတွင် ယနေ့ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုမည့် စာရင်းရှိ (၂၇၄)ဦး၊ လာရောက်ဖြေဆိုသူ (၂၅၈)ဦး၊ ပျက်ကွက်သူ (၁၆) ဦးရှိကြောင်း သိရသည်။

မိုင်းရယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စာစစ်ဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ပထမနေ့ မြန်မာစာဘာသာအား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိသည်။

မိုင်းယောင်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ၁၃၈၆-ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

၁၃၈၆-ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတော်ကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်