မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုခြင်းကို ယနေ့မှစတင်၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် မြန်မာဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။