လဲချား မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများစတင် ဖြေဆိုလျက်ရှိသည်။
ယင်းသို့ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
လဲချားမြို့နယ်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၉၃)ဦးတွင် ဖြေဆိုသူ (၉၃) ဦးဝင် ရောက်ဖြေဆိုလျက်ရှိပြီးဖြေဆိုသည့် ရာခိုင်နှုန်းအပြည့်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)