မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

မိုင်းရှူး မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူလူထုများ၊ ဆရာ၊ဆရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)