ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၉၄၂ ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၇ ဒဿမ ၃၉ ရာခိုင်နှုန်းရှိ

ဟိုပုံး မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် (၉) နာရီအချိန်က စတင်ကာ စာစစ်ဌာနအသီးသီးတို့၌ ကျင်းပခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၉၄၂ ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၇ ဒဿမ ၃၉ ရာခိုင်နှုန်းရှိကြောင်း ဒေသအဆင့်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ဟိုပုံးမြို့နယ်၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး စာရင်းရှိ ကျောင်းသား (၁၄၄)ဦး၊ ကျောင်းသူ (၂၁၉)ဦး စုစုပေါင်း(၃၆၃)ဦး၊ ဖြေဆို ကျောင်းသား(၁၄၁)ဦး၊ ကျောင်းသူ(၂၁၅)ဦး စုစုပေါင်း(၃၅၆)ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုရာခိုင်နှုန်း ၉၈ ဒဿမ ၀၇ ရာခိုင်နှုန်းရှိပြီး၊ ဆီဆိုင်မြို့နယ်၌ စာစစ်ဌာနသုံးခုဖြင့်ကျင်းပခြင်းဖြစ်ပြီး စာရင်းရှိ ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ(၁၈၇)ဦး စုစုပေါင်း(၂၇၈)ဦး၊ ဖြေဆို ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ (၁၈၃)ဦး စုစုပေါင်း(၂၇၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုရာခိုင်နှုန်း ၉၈ ဒဿမ ၅၆ ရာခိုင်နှုန်းရှိကာ၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် စာစစ်ဌာန ခြောက်ခုဖြင့်ကျင်းပခြင်းဖြစ်ပြီး စာရင်းရှိ ကျောင်းသား(၄၇၀)ဦး၊ ကျောင်းသူ(၈၈၃)ဦး စုစုပေါင်း(၁၃၅၃)ဦး၊ ဖြေဆို ကျောင်းသား(၄၄၆)ဦး၊ ကျောင်းသူ (၈၆၆)ဦး စုစုပေါင်း(၁၃၁၂)ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၆ ဒဿမ ၅၆ ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)